2008 October 31; 8:00pm
အမှတ်တရ ညလေး
ဆရာလှိုင် စီးတီးဟောကို လာမယ်တဲ့။
ရုံး ဆင်းခါနီး ဝင်လာတဲ့ သတင်းကြောင့် ဟုတ်တာ မဟုတ်တာ အပထား၊ စီးတီးဟောကို အပြေးအလွား သွားလိုက်တယ်။ ဆရာလှိုင် ဆိုတာက ကျွန်တော်တို့ရဲ့ ဆရာသမား အရင်းခေါက်ခေါက်ကြီး ပဲဗျာ။
စီးတီးဟောကို ရောက်တော့ တကယ်ပဲ ဆရာ ရောက်နေတာကိုး။ အမယ်၊ ဆရာက နေအောင်လိုလို၊ ညွန့်ဝင်းလိုလိုနဲ့ အလန်းပဲဗျ။

ဆရာရောက်နေတယ် သတင်းကြားတဲ့ တပည့်တွေလဲ အလျှို အလျှို ရောက်လာကြတာ၊ ဆရာလဲ မတွေ့ရတာ ကြာနေတဲ့ တပည့်တွေနဲ့ အခုလို ပြန်ဆုံရတော့ ပျော်နေတယ်။ ကျွန်တော်တို့ အားလုံးလဲ မမျှော်လင့်ပဲ ဆရာနဲ့တွေ့ရတော့ ပျော်ကြတယ်။
လာတွေ့ကြတဲ့ တပည့်တွေအားလုံး စုပေါင်းပြီး ဆရာ့ကို ထိုင် ကန်တော့ကြတော့ ဆရာက ပီတိတွေဖြာလို့။ နောက်တော့ ဆရာနဲ့ အနီးအနားတစ်ဝိုက် တစ်ပျော်ကြီး လမ်းလျှောက် ထွက်ကြတယ်။

နာရီပိုင်းလောက်ပဲ အချိန်ရတဲ့ ဆရာ့ကို လေဆိပ် လိုက်ပို့ နှုတ်ဆက်ကြရင်း

နောက် နောင်မှာလဲ ဆရာဟောင်း၊ တပည့်ဟောင်းတွေ ပျော်ရွှင်ရင်းနှီး ချစ်ကြည်စွာ ဆုံတွေ့နိုင်ဖို့ ဆုတောင်းလျှက်

This comment has been removed by the author.
ReplyDeleteနေအောင်နဲ့ ပဲ ပေးတူလိုက်ပါ .... ညွန့် ဝင်းနဲ့ တူရင် လုံးဝ မလန်းဘူး .... ပုံစံခွက်ထဲက ခေါက်ရိုးကျိုးပြီး ခေတ်မမှီတဲ့ အလင်္ကာတွေ နှုတ်တိုက်ရွတ်တတ်တဲ့ 
ReplyDeleteညွန့်ဝင်း ကြီးရဲ့  overtalking တွေက ခေတ်နဲ့လုံးဝ အသားမကျပါဘူး ...... ။ ဦးနေအောင် ကမှ ခန့် တာ ..။