Monday, December 21, 2009

နမူနာ.............



မနေ့ နေ့လည် 20th, December 2009, 12:30 (Sg Time) မှာ ခရီးကနေ ပြန်ရောက်လာပါပြီ။

ခရီးစဉ်တစ်လျှောက်မှာ အင်တာနက် သုံးဖို့ အဆင်မပြေတဲ့အတွက် အားလုံးနဲ့ အဆက်အသွယ် ပြတ်နေခဲ့တာလဲ ကြာပါပြီ။

သုခရိပ်မြုံ ဂေဟာ အတွက် ထပ်ပြီး လှူဒါန်းထားကြတဲ့ အလှူရှင်တွေရဲ့ စာရင်းကိုလဲ Update လုပ်ပေးပါ့မယ်။

ခရီးစဉ် အသေးစိတ်ကိုတော့ ဖိုးစိန်က ဓာတ်ပုံနှင့်တကွ တ၀ကြီး ကြွားလုံး ထုတ်မယ် ကြိမ်းဝါးထားတဲ့အတွက် ကျနော်လည်း အားကျမခံ ကျွန်တော့် အလွဲတွေ ကြွားလုံးထုတ်ရမလား စဉ်းစားနေပါတယ်။ :-P

ခု လောလောဆယ်တော့ ခရီးစဉ်နဲ့ ပါတ်သက်တာတွေ ဖတ်ချင် ကြည့်ချင်ကြသော မိတ်တွေတွေအတွက် ပုံလေး တစ်ချို့ကို နမူနာပဲ ပြထားပါအုံးမယ်။ ဒီလ မကုန်ခင် အိမ်ပြောင်းဖို့ ကိစ္စနဲ့ အလုပ် ရှုပ်နေအုံးမှာ ဖြစ်တဲ့အတွက်...ခရီးစဉ် ပို့စ်တွေက... မကြာမှီ လာမည်........ မျှော်........ ပေါ့ဗျာ....။

(မျှော်နေတဲ့သူတွေ တစ်ယောက်မှာ မရှိတာ သိလည်း ဓာတ်ကူးပြီး ခပ်တည်တည် ကြွားလုံး ထုတ်ထားအုံးမှ)






Phuket



Ayutthaya



Phuket မှာ လေးရက်လေးည၊ ဘတ်စ်ကားပေါ်မှာ တစ်ည၊ Ayutthaya မှာ တစ်ရက်ခွဲနဲ့ တစ်ည၊ Pattaya မှာ နှစ်ည နေလိုက်ထာ.. Bangkok မှာ နေ့တစ်ပိုင်းနဲ့ တစ်ညပဲ နေခဲ့ရတဲ့အတွက် ဘယ်မှ သိပ်မရောက်လိုက်ရပါဘူး။

ပျော်စရာကောင်းတဲ့ ခရီးစဉ်လေးတွေအကြောင်း ဆက်ကြွားဖို့.. အဲ..... ပြန်မျှဝေပေးဖို့ ဖိုးစိန် တာဝန်ယူထားပါတယ်လို့ ခိုင်လုံတဲ့ သတင်းရပ်ကွက်က ရထားပါတယ်။ အားပေးကြပါခင်ဗျားးး...။ ။

မေတ္တာဖြင့်
မိုးကုတ်သား

16 comments:

  1. ကိုယ်ကြွားချင်တိုင်းနဲ့ မဆွဲထည့်ပါနဲ့ဗျာ..


    ဖိုးစိန် ခရီးထွက်ရတာ ကလေးလိုက်ထိန်းကြသလိုပဲ...


    ကြောက်တတ်လိုက်တာလဲ သူ့ အပြင် မရှိ...


    မပြောချင်ဘူး..ပြောရင် ဖဲ့တယ်ပြောအုံးမယ်...

    အိမ်ကစထွက်လို့ ပြန်ရောက်တဲ့ထိ မလွဲတဲ့ နေ့ရယ်လို့ မရှိသူအတွက် ရေးစရာတွေကလဲ များမှများ...


    အင်း ရေးရင်လဲ အနှိပ်ခန်းမှာ ကောင်မလေးချောချောလေး နဲ့ နှိပ်ရလို့ ပီတိတွေဖြစ်နေပြီး ဘာကျန်ခဲ့လဲ ဆိုတာ ရေးစမ်းဘာာာာာာာာာ

    ရေထဲဆင်းဖို့ သက်ကယ်အကျီ ဝတ်ပြီး ကုန်းပေါ် တက်ပြေးတဲ့အကြောင်းတွေ ရေးစမ်းဘာာာာာာာ

    ကြည့်ကြသေးတာပေါ့


    ကိုကို မိုးကုတ်ရယ်



    ချစ်ညီ

    မျောက်မျောက်

    ReplyDelete
  2. ko boe yae ahlwal tway ko read chin par tel ;)

    ReplyDelete
  3. မျှော်ဆိုတော့လဲ မျှော်ပေါ့ဗျာ လုံးဝမကျေနပ်ဘူး ၂ ယောက်ထဲ သွားတယ်


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  4. နွေးနေခြည်December 21, 2009 at 12:38 PM

    ဖူးခတ်က နောက်ဆုံး ၂ ပုံတော်တော်လှတယ်။
    သွားနိုင်သူတွေ သွားကြပေါ့လေ...း)

    ReplyDelete
  5. ဟဲဟဲ... အလွဲကတော့ နမူနာ ကြားပြီးပြီ... ဖူးခတ်က လှလိုက်တာ ကိုဘိုရာ...

    ကိုဘိုတို့ အိမ်ကပြောင်းတော့မှာပေါ့... အဲအိမ်ကိုလွမ်းနေမှာပဲ... =)

    ReplyDelete
  6. မျှော်နေပါတယ် မျှော်နေပါတယ်..

    ReplyDelete
  7. ကိုမိုးကုတ်သားရေ..... လှပတဲ့ ရှုခင်းလေးတွေနဲ့ မရောက်ဘူးသေးတဲ့ နေရာလေးကို ငမ်းရင်း သွားချင်သွားတယ်။း)
    ပျော်ခဲ့တယ်ပေါ့..။

    ခင်မင်လေးစားလျှက်

    ReplyDelete
  8. အင်း.. လုပ်ဗျာ.. တစ်ယောက်တစ်မျိုး ရေးဗျာ.. လွဲတာလေးတွေ ရေးတော့လည်း ရီစရာဖြစ်သလို ဗဟုသုတလည်း ရတာပေါ့ဗျာ..

    သိပ်တော့ မကြည်ဘူးနော်.. ဟင်းဟင်းဟင်း..း)

    ကျန်တာတော့ ပြောတော့ဘူး..
    ဒီလောက်ဆို “ပေါက်”.. အဟွတ်.း-)

    ခင်မင်လေးစားစွဖြင့်
    စည်သူ။

    ReplyDelete
  9. စောင့်မျော်လျက်ပါ.. ကိုကို
    ဓါတ်ပုံလှလှလေးတွေ ကြည့်ချင်ပါတယ်။
    ဟိုအခန်းမှာ ဘာကျန်ခဲ့တာပါလိမ့်
    စိတ်ဝင်စားလိုက်တာနော်

    ReplyDelete
  10. ပျော်တယ်ပေါ့.. နာလိုဝူး.. ဆူနာမီနဲ့ တွေ့ခဲ့ရမှာ.. ဟီးဟီး

    ReplyDelete
  11. ပုံလေးတွေ ကြိုက်လိုက်တာ။ အပေါ်ဆုံးပုံလေးက မိုက်တယ်။

    ReplyDelete
  12. မျှော်နေပါတယ်။ ပုံတွေက လှလိုက်တာ ကိုဘိုရာ။ ဘာတွေလွှဲလဲ သိချင်လိုက်တာ

    ReplyDelete
  13. ကောင်းလိုက်တဲ့ဓာတ်ပုံလေးတွေ

    ReplyDelete


  14. နာ

    လို

    ဖူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    ဒါဘဲ... ခတ်ပြတ်ပြတ်ပဲ... ဟွန်းးးးးးး

    ReplyDelete
  15. အကြွားချင်းပြိုင် အဲ အပြိုင်အဆိုင် ဝေမျှကြတော့မယ်ပေါ့လေ။ ကောင်းလိုက်တာ ။ ခရီးသွားလိုက်ရတော့ ပျော်နေကြတယ်ပေါ့လေ။ ဓာတ်ပုံတွေပဲ ကြည့်ပြီး ကိုဖိုးစိန်ရဲ့ အကြွား အဲ.ဝေမျှမှု့ကို စောင့်ဖတ်လိုက်မယ်။ :))

    လွဲခဲ့တာလေး များများရေး။။

    ReplyDelete
  16. How did you take the very first photo? :P

    ReplyDelete

မိတ်ဆွေတို့ရဲ့ အမြင်လေးတွေကို တန်ဖိုးထားလျှက်