Wednesday, November 25, 2009
မြို့ကလေးမှာ တောင်နေကြာတွေ ပွင့်နေပြီ
နိုဝင်ဘာ၊ ဒီဇင်ဘာဆို မိုးကုတ်မှာ တောင်နေကြာတွေ ပွင့်နေကျ။ မိုးကုတ်က သားဖြူဆိုတဲ့ ညီလေးတစ်ယောက် ရိုက်ထားတဲ့ တောင်နေကြာနဲ့ မိုးကုတ်ရှုခင်းအလှ ပုံတွေကို မိတ်ဆွေတို့နဲ့ မျှဝေ ခံစားလိုက်ပါတယ် ခင်ဗျာ။
မြို့ကလေးကို လွမ်းနေတဲ့အချိန်မှာပဲ တောင်နေကြာတွေကို တွေ့လိုက်ရတယ်။ ရင်ထဲမှာ လှိုက်ခနဲ....
တောင်နေကြာတွေ ပွင့်နေပြီ... တဲ့။
အလွမ်းဓာတ်ခံရှိတဲ့ ကျွန်တော်ကတော့ တောင်နေကြာတွေ ပွင့်တိုင်း နေကြာပန်းတွေ ရှိရာဘက် ဆိုင်ကယ်တွေနဲ့ ပျော်ပွဲစားထွက်ခဲ့ချိန်တွေကို လွမ်းတယ်။
သူငယ်ချင်းတွေကိုလွမ်းတယ်။
မောင်နှမတွေကို လွမ်းတယ်။
အိမ်ကို လွမ်းတယ်။ လွမ်းတယ်ဗျာ။
မေတ္တာဖြင့်
မိုးကုတ်သား
21 comments:
  1. အော် အကိုရေ အလွမ်းဓါတ်တွေ ကျနေလေရဲ့ဗျာ
    ကျနော်လဲ လွမ်းနေတယ်း( တချိန်ချိန်ပေါ့ ပြန်ချင်နေပြီဗျာ လွမ်းတယ် မွေးရပ်မြေကို
    လေးစားလျက်
    တောင်ပေါ်သား
    ReplyDelete
  2. ပုံလေးတွေကလဲ လွမ်းမယ်ဆို လွမ်းလောက်စရာတွေပဲ...အလွမ်းတွေ ပြေပျောက် အရောက် အမြန် ပြန်နိုင်ပါစေ ကိုကိုမိုးကုတ်ရေ....
    ReplyDelete
  3. လွမ်းမောစရာလေး...
    အေးချမ်းတဲ့နယ်မြေ...
    ချစ်တဲ့
    ညီ
    မျောက်ငို
    ReplyDelete
  4. အကိုတို့လည်း ရှိမယ်။ ကျနော်လည်း ရှိနေမယ်ဆိုရင် အလည်ခေါ်နော်။ ပုံ၃ ၄ ကလွမ်းဖို့ကောင်းတယ်။ နောက်ဆုံးပုံက အထီးကျန်ဆန်တယ်။ အလွမ်းများ ငြိမ်းပါစေ။
    ReplyDelete
  5. အကိုတို့လည်း ရှိမယ်။ ကျနော်လည်း ရှိနေမယ်ဆိုရင် အလည်ခေါ်နော်။ ပုံ၃ ၄ ကလွမ်းဖို့ကောင်းတယ်။ နောက်ဆုံးပုံက အထီးကျန်ဆန်တယ်။ အလွမ်းများ ငြိမ်းပါစေ။
    ReplyDelete
  6. ကိုမိုးကုတ်ရေ...
    တူတူပဲ အိမ်လွမ်းနေတယ်။
    နေကြာပန်းခင်းတွေကြားထဲမှာ ဓာတ်ပုံရိုက်ချင်တယ်။ ဟိ ဟိ :P
    တောင်နေကြာဆိုတာ နေကြာစေ့ရတဲ့နေကြာလား?
    သိချင်လို့နော်
    ReplyDelete
  7. ပုံလေးတွေ ကြည့်ရတာ တကယ့်လွမ်းမော စရာပါ အကိုမိုးကုတ်သားရေ ....
    ပျော်ရွှင်ပါစေ..
    ခင်မင်လေးစားလျှက်
    ReplyDelete
  8. လွမ်းဗျာ။ :)
    ReplyDelete
  9. နောင့် လဲ အိမ်ကို အရမ်းလွမ်းနေတာ.... ပြန်ချင်နေတယ် တအားပဲ... ဒါပေမယ့် ခုပဲ ပြန်ထားကာစဆိုတော့...မဖြစ်နိုင်သေးဘူးလေ... ကိုယ့် ဘ၀ ကိုယ် မပိုင်တဲ့ ဘ၀ ကို တစ်ခါတစ်လေ ၀မ်းနည်းတယ်...။
    ReplyDelete
  10. လွမ်းတဲ့စာရင်းကို သေချာဖတ်ကြည့်တော့ ...
    ကျွန့်တော့် အိပ်ရာထဲက သူမ .. အဲလေ ...
    သူမမိုးလေ၀သထဲက ကျွန်တော့်အိမ်ရာ ...လည်းမပါပါလား ....။
    မြန်မာပြည်ပြန်တဲ့အခါ ရှမ်းပြည်ကို သွားလည်ဖို့စိတ်ကူးပါတယ် ...။ free တည်းခိုဖို့ ရှမ်းပြည်က အသိလိုနေပါတယ် ...။ ပြန်ဖြစ်တဲ့အခါ လိပ်စာလေးဘာလေးပေးလိုက်စမ်းပါဗျာ ...။
    ခင်မင်စွာဖြင့်
    Anonymous Zephyr
    ReplyDelete
  11. တူတူပါပဲ အကိုရယ်
    ချစ်ညီ ရီနို
    ReplyDelete
  12. ချမ်းသာကြီးဘုရားနဲ့ ပုံလေး သဘောကျတယ် အစ်ကိုရေ..
    yu ya
    ReplyDelete
  13. ပုံလေးတွေက လွမ်းစရာကောင်းလိုက်တာဗျာနော်.။
    မွေးရပ်မြေကို အမြန်ဆုံးပြန်နိုင်ပါစေ ကိုဘိုဘိုရေ.။
    ခင်မင်တဲ့
    ညီညီ
    ReplyDelete
  14. ဒီရာသီနဲ့ ဒီပိုစ့်။
    သိပ်လိုက်ဖက်တယ်။
    တောင်နေကြာတွေ တောင်ကြီးမှာလဲပွင့်တယ်။
    တော်ပါပြီ။
    မလွမ်းတော့ပါဘူး။
    ReplyDelete
  15. ပုံလေးတွေကြည့်ရုံနဲ့ တင်
    လွမ်းစရာ ကောင်းတယ် ..
    မွေးရပ်မြေက
    မိဘ ၊ မောင်နှမ ၊ သူငယ်ချင်းတွေနဲ့
    အမြန်ဆုံး ဆုံစည်းနိုင်ပါစေ ..
    ReplyDelete
  16. ၀ါးးးးးးးးးးးးးးးးးးးးးး
    အော်ငိုလိုက်တော့မယ်နော် ....................း(((((((((((
    ReplyDelete
  17. ကိုဘို့ပုံတွေ ကြည့်ရတာ လွမ်းတော့လွမ်းတယ်။
    ဘယ်လိုလွမ်းတာလဲဆိုတော့လေ ကိုယ်လဲမိုးကုတ်မရောက်ဖူးတော့ လွမ်းတဲ့ပုံစံက ကိုယ်နဲ့ မပက်သက်တဲ့ မိန်းမပျိုတစ်ယောက်ကို လွမ်းနေရသလိုပါပဲ
    ဘာကို လွမ်းလို့ လွမ်းမှန်းကို မသိတဲ့။ ခေါင်းစဉ်မရှိတဲ့ အလွမ်းပေါ့ဗျာ။
    ReplyDelete
  18. အင်း လွမ်းတယ် လွမ်းတယ်
    ဟိုးအရင် ငယ်ဘ၀လေးကိုလွမ်းတာ
    ReplyDelete
  19. ကြာပန်းဆိုတာရေမှာပေါက်တာမျိုး ( ညီ ) တောင်ထိပ်မှာကြာပေါက်တယ်ဆိုတော့  ရှေးလူကြီးတွေအယူဆလေးတခု၇ှိခဲ့ဘူးတယ် တောင်ထိပ်မှာကြာပေါက်တဲ့ အဲလိုမျိုးမြေဟာ ဘူမိနတ်သန် ရတနာမြေ မှန်တယ်လို့ ဆိုတယ်(ညီ ) ဓါတ်ပုံထဲမှာတောင်လိုပုံနေတဲ့  (ဂဲစာ)ဒေသအခေါ် "'၄င်းကျောက်ခဲများထဲမှ ပတ္တမြားရှာဖွေရယူသည်"""မြင်တော့ မှ ခုလိုဆောင်းအေးအေးမှာ မိုးကုတ်ကပိုလွမ်း စရာကောင်းနေတော့ တယ်နော် ကိုကြီး သုဒြေ္န
    ReplyDelete
  20. ၀ါးးးးးးးးးး လှလိုက်တာဗျာ။ တောင်နေကြာတွေ ပွင့်တာ တခါမှ မြင်ဖူးဘူးရယ်။ အိမ်လွမ်းနေတယ်ပေါ့လေ။ မငုံတို့မြို့မှာလဲ ဒီအချိန်ဆို ချယ်ရီတွေ ဝေနေပြီ။
    ReplyDelete
  21. ဒီပို့စ်လေးကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အသံတိတ် စာဖတ်ပရိသတ်တစ်ဦးအနေနဲ့ ဖတ်ခဲ့ဘူးတယ် ဘိုဘိုရေ။
    ReplyDelete
မိတ်ဆွေတို့ရဲ့ အမြင်လေးတွေကို တန်ဖိုးထားလျှက်