Sunday, September 27, 2009

ပန်းကဗျာ

ကျွန်တော် ရိုက်ထားတဲ့ ပန်းပုံလေးတစ်ချို့ကို အမ အိန္ဒြာ က ကဗျာလေးတွေ ရေးထားပေးခြင်း ဖြစ်ပါတယ်။


ကြော်ငြာ


အဲသလို
ရေနဲ့မိုးနဲ့ ခမ်းခြောက်နေခဲ့ရ
တစ်ပွင့်တည်းပဲ..
ဒါပေမယ့်...
"ကြာ"..ပြီ..။








မြက်ပန်း

မျှော်လင့်ချက်လည်တိုင်ကိုဆန့်လို့

တိမ်တွေကိုမော်ဖူးနေပုံက အိပ်မက်ဆန်နေမယ်

မြေစာမြက်သာသာရယ်ပါ..

ဒါပေမယ့်

ပွင့်တတ် ဝေတတ်ခဲ့...









ပန်းပါးပျဉ်း


ပန်းတစ်ပွင့်ပါပဲ..
ပါးပျဉ်းနဲ့ အဆိပ်နဲ့
သူ့အကြည့်သေးသေးလေးထဲမှာ
အ၀ါတွေ
မီးလျှံလို လောင်ငြီးလင်းပလို့...။










အဖြူကြွေ

တိတ်တိတ်ကလေး

ကြွေကျပေးထားတာပဲ..ကောင်းပါတယ်

ငါ့ အားနည်းချက်ကို..က

အဖြူရောင်လေ..

ငါ့ခမျာ..

စွန်းလွယ်..ပေလွယ်..
ထိခိုက်လွယ်လွန်း..ခဲ့.။




စက္ကူလွှာ

ဟင့်အင်း

စက္ကူမဟုတ်ပါဘူး

ဟောဒီ့ရိုးတံတစ်လျှောက်မှာသာ..

အငုံ့စိတ်တွေ..စိမ်းမြနေခဲ့တာ







ပွင့်အနီ

ဒီကနေ့
ပတ္တမြားရည်မိုးတွေများ
ရွာသွန်းဖြိုးခဲ့သေးလို့လား
ပွင့်လွှာမှာ..
အနီတွေ

စီးကျမလို

စိုလက်လို့








စိန်ပန်းပြာ

အဖေါ်အသင်းနဲ့မို့

ကြွေကျဖို့ဆိုလည်း ပွင့်ရဲတယ်

အတူတကွ.

ခုန်ချလိုက်ကြတဲ့ လောကဓံပလက်ဖေါင်းပေါ်မှာ..

ဘ၀တွေ ပြာနှမ်းနေအောင်လှပနေကြပေါ့..။



မေတ္တာဖြင့်
မိုးကုတ်သား

25 comments:

  1. ကြော်ငြာကတော့

    မိုးကုတ်သားအတွက် စပါယ်ရှယ်လက်ဆောင်ပါ..းP

    ခင်ခင်မင်မင်

    ReplyDelete
  2. ဓါတ်ပုံ နှင့် ကဗျာ လိုက်ဖက်ညီစွာ လှပနေပါတယ်ဗျာ။ ရိုက်တဲ့သူရဲ့  မှော်ဝင်လက်ရာကို အားကျသွားမိပါတယ်။
    ပန်းကလေးတွေလို ကြည်သာရွှင်ပျ ရှပါစေ ဘရားသား။

    ခင်မင်ခြင်းနှင့်
    တလနွန်

    ReplyDelete
  3. ကောင်းလိုက်တာဗျာ။

    ReplyDelete
  4. မိုက်တယ်... အတွေးနဲ့ အရေးကတစ်ထပ်ထဲပဲ... အတွေးကိုပုံဖော် အရေးကို ကာရံထည့်... သဘ၀ကို အမြင်လှအောင်ဖော်ပြနိုင်တယ်... လေးစားပါတယ်...



    မင်းကိုချစ်တဲ့သူ

    ReplyDelete
  5. ဓာတ်ပုံဆရာကလဲ တော်တယ်..

    ကဗျာစပ်တဲ့ မမကလဲတော်တယ်..


    ပုံလေးတွေကိုထိထိမိမိရိုက်ပြီး

    ကဗျာလေးကို ထိထိမိမိသရုပ်ဖော်တဲ့ မမနဲ့ ကိုကို ကိုချီးကျူးတယ်...


    ချစ်ခင်စွာဖြင့်

    မျောက်မျောက်

    ReplyDelete
  6. လှလိုက်တဲ့ ကဗျာလေးနဲ့ ပုံလေးတွေ။ ကဗျာတိုင်း ကောင်းတယ်။ အဖြူကြွေလေးကို ပိုကြိုက်တယ်။

    ReplyDelete
  7. အစ်ကို့ရဲ့ ပုံလှလှလေးတွေနဲ့ မမအိန္ဒြာရဲ့ ကဗျာလှလှလေးတွေ ရောစပ်ထားတာမိုက်တယ်။
    ပို့စကဒ်ထုတ်ပါလား အစ်ကို...

    ReplyDelete
  8. မိုက်တယ်ဗျာ.. ပန်းလေးတွေ... လှတယ်... ကဗျာလဲလှတယ်...


    ခင်မင်လျှက်
    အဆိပ်ခွက်

    ReplyDelete
  9. မိုက်တယ်ဗျာ.. ပန်းလေးတွေ... လှတယ်... ကဗျာလဲလှတယ်...


    ခင်မင်လျှက်
    အဆိပ်ခွက်

    ReplyDelete
  10. ပန်းတွေကို ပုံဖေါ်သွားတာ တကယ်မိုက်တယ်။

    ကြော်ငြာ ဆိုတဲ့ ကဗျာလေးကိုတော့ ပိုနှစ်သက်မိတယ်။

    သဘောပေါက်ကျလိမ့်မယ် ထင်ပါ့ဗျာ

    ခင်တဲ့ ရီနို

    ReplyDelete
  11. ပန်..ပန်...ပန်ပန့်ပန်.

    အဲ..မှားလို့..မှာလို့..

    ပန်းလေးတွေကို ဓါတ်ပုံရိုက်ထားတာကလည်း ကောင်းတယ်..

    ရေးတဲ့သူကလည်း ရေးတတ်တယ်..
    ကျွန်တော့်ကိုသာပြကြည့် ကိုဘိုဘိုရေ..

    ရေးဖို့နေနေသာသာ.. ဘာပန်းမှန်းတောင် သိမှာမဟုတ်ဘူး..ဟီးဟီး

    ပျော်ရွှင်ပါစေ..

    ReplyDelete
  12. အကိုရိုက်ထားတဲ့ ပုံလေးတွေ အရမ်းလှတယ် .. အကိုတော်တယ်နော်

    ReplyDelete
  13. အစ်ကို စိတ်တိုင်းကျ ရိုက်ထားတဲ့ ပန်းကလေးတွေရဲ့
    ဓာတ်ပုံတွေမှာ ထပ်ဆင့်ဖူးပွင့် နေတဲ့ အစ်မအိန္ဒြာရဲ့ ကဗျာအပွင့်ရောင်စုံလေးတွေ...

    အစ်ကို မိုးကုတ်သားရော
    အစ်မ အိန္ဒြာရော သေသေချာချာ ဖန်တီးထားတဲ့ ပန်းကဗျာလေးတွေကို တစ်ပုဒ်ချင်းစီ ယုယုယယ ဖတ်သွားပါတယ်ဗျာ..။

    ReplyDelete
  14. ပန်းပါးပျဉ်း..
    လောကဓံပလက်ဖောင်း..

    အဲဒီအသုံးလေးတွေ မိုက်တယ်ဗျာ...။

    ပန်းပါးပျဉ်းဆိုတာလေးကို အများကြီးဆက်တွေးမိတယ်..
    အလိုမကျအောင်လုပ်မိရင် အဝါရောင်ပါးပျဉ်းလေးက အဆိပ်ပြင်းပြင်းနဲ့ လှမ်းပေါက်လေမလား...လို့..။

    ReplyDelete
  15. လောကဓံပလက်ဖောင်းမှာ ဘဝတွေလည်း နေစောင်းခဲ့ပါပြီ..။

    ReplyDelete
  16. ဝါးလားလားလားလားးးးး...
    ပုံလေးတွေက လှလွန်းတဲ့ ရိုက်ချက်တွေ..
    မန္ဒြာကဗျာလေးနဲ့ ပေါင်းစပ်လိုက်တော့ ပြီးပြည့်စုံသွားတယ်..

    ဒါကြောင့် ဒီဆရာ့ ကင်မရာကြီးကို ကြောက်တာ..း))
    ဒါကြောင့် ဒီအစ်မ ကဗျာကြီးကိုလည်း ကြောက်ရတာ..း))

    ကြော်ငြာတာကတော့ ပေါ်တင်ကြီးပါလား..
    အရောင်းထိုင်းကြီးရယ်...း)))
    ကံစမ်းမဲ ထည့်မှ ဝယ်မယ်ထင်ရင် ကျနော့်ကိုသာ မဲအဖြစ် တွဲထည့်လိုက်တော့..း))) (ဟဲဟဲ)

    ချစ်ခင်စွာဖြင့်..

    ReplyDelete
  17. ကဗျာလေးတွေက နုရွပြီးပန်းလေးတွေက လှပလိုက်တာ
    စွဲငြိစေတယ်။ ပနံရလှတဲ့ပန်းကဗျာလေးပါပဲ

    ReplyDelete
  18. ကြော်ငြာပါ ကြောငြာပါ၊ ပန်းလေးတွေ ချစ်စရာ..း)

    ReplyDelete
  19. Good Presentation!
    Beautiful idea,
    nice poem.
    Thanks.

    ReplyDelete
  20. ကဗျာတွေကကောင်းပါတယ်
    ပန်းတွေကလည်းလှတယ်
    အမယ် ကဗျာဆရာမက ဒါ အကင်းရှိသေးတာနော်
    လက်တမ်းရေးထားတား))

    ReplyDelete
  21. တကယ်ကိုလိုက်ဖက်ညီတဲ့ပုံနဲ့ ကဗျုလေးတွေပါပဲ

    ReplyDelete
  22. အရမ်းသဘာဝကျတယ်...
    အနုပညာမောင်နှမနှစ်ယောက်လက်စွမ်း
    ပြထားတာဆိုတော့ ပုံရော ကဗျာပါ
    အဓိပ္ပာယ်သိပ်ရှိတယ်ဗျာ...

    ReplyDelete
  23. ၀ါးးးးးးးးးးးး မနက်ခင်းလေးမှာ ကဗျာလေးတွေရယ် ပုံလေးတွေရယ် ကော်ဖီလေးတစ်ခွက်ရယ် တော်တော် ပြည့်စုံသွားတယ်အကိုရေ..အကုန်လုံးကြိုက်တယ် အကိုရေ တမျိုးစီကို ရသတွေပေးတယ်။ အရမ်းနှစ်သက်ပါတယ် အကိုရေ

    ReplyDelete
  24. ကဗျားလေးတွေနဲ့ ပုံလေးတွေက လိုက်ဖက်လှပါတယ်။

    ReplyDelete
  25. ကဗျာလေး က ပန်းလေး ရဲ့ သရုပ် ကို ပိုမို ပေါ် လွင် သွားစေ တယ်
    တမြတ်တနိုး လေးစားစွာ ဖတ်ရှူ သွားပါတယ်

    "လှပသော ပုံ လေး တွေ ၊ ကဗျာ လေး တွေ ဆက်လက် ဖန်တီးနိုင် ပါစေ" :)

    ReplyDelete

မိတ်ဆွေတို့ရဲ့ အမြင်လေးတွေကို တန်ဖိုးထားလျှက်