Wednesday, July 1, 2009

“အိပ်မက်ကို ချည်တဲ့ကြိုး”

“အိပ်မက်ကို ချည်တဲ့ကြိုး”

လျှို့ဝှက်ချက်တို့နဲ့ နေ၀င်ပြီးမိုးချုပ် . . .
နေ၀င်ချိန် နေထွက်ခဲ့ခြင်းတွေလို
ကိုယ့်စိတ်ဟာမပြတ်သားဘူး။
အလွမ်းတစ်အုပ်တို့နဲ့
တောရိပ်မှာ မြူယှက်လို့နွယ်
တောင်စွယ်မှာ နေကွယ်တာလား
ချစ်ရိပ်တွေ ဝေေ၀၀ါးလို့ လေ။
မပြောဘဲ ထားတဲ့စကားလို
အဓိပ္ပာယ်တွေ မှုန်ဝါးဝါးနဲ့ . . .
မပြတ်သားရဲသူ ကိုယ့်အတွက်
နေ့တွေလတွေမှာ အလွမ်းတွေနဲ့သာ . . ။
လေတိုးရင်ညည်းတတ်တဲ့ ၀ါးရုံတောလို
မပီမသ သံစဉ်တွေ ခြွေခြွေချရင်း၊
ပန်းမခင်းတဲ့ ရွက်ကြွေတော
ချစ်သူမောမှာ စိုးစိတ်တွေနဲ့
တိုးတိတ်လို့ နေခဲ့သူ။
မိုးတွေ တိုးတိုးလေးရွာနေတယ်
နှလုံးသားငိုသံက ခြိုးခြိုးချွတ်ချွတ် . . .
ငတ်မွတ်နေတဲ့ လွတ်လပ်ခြင်းတွေ
ငါ့အလွမ်းတွေကြားမှာ
အတုန်းအရုံး ကျဆုံးလို့ ... ။
နှင်းမှုန်တွေ အုံ့ဆိုင်း ရီဝေတယ်
အေးခဲမှုတွေက နာနာကျင်ကျင်
တောင်ပံတစ်စုံကို မဖြန့်နိုင်မှတော့
ပျံသန်းဖို့ စိတ်ကူးတွေလဲ
နေလာရာ နှင်းပျောက်သလိုပေါ့။
မရေရာတဲ့ စိတ္တဇနာမ်တွေနဲ့
ဘ၀ကြီးက ပရမ်းပတာခါယမ်း . . .
ဒီလိုနဲ့ပဲ
ကြယ်မစုံတဲ့ ညတွေက
ငါ့အတွက် မထူးဆန်းတော့ပါဘူး . . . ။
မသေချာတဲ့ ၀င်သက်ထွက်သက်တွေအတွက်
ပင့်သက်တွေက အားကောင်းမောင်းသန်၊
အလင်းမဲ့ ကောင်းကင်တစ်မိုးအောက်မှာ..
ငါလေ..
ကြယ်ကြွေတွေ ကောက်ဆဲ...။


ရေးသားသူ - နှင်းမွန်၊ မိုးကုတ်သား
(ပထမဆုံး တစ်ပိုဒ်ကို ညီမလေး နှင်းမွန်ရဲ့ ဂျီတော့ခ်မှာ မြင်လိုက်လို့ ကျနော်က နောက်တစ်ပိုဒ် ထပ်ရေးတယ်။ ညီမလေးနှင်းမွန်က ဆက်ရေးလိုက်၊ ကျနော်ကရေးလိုက်နဲ့..တစ်ယောက်တစ်ပိုဒ် ရေးလာလိုက်ထာ၊ ဒီကဗျာလေး ထွက်လာပါတယ်။ အပေါ်ဆုံး အပိုဒ်က သီချင်းစာသားကြီး။ ဖြုတ်လိုက် လို့ ညီမလေးနှင်းမွန်က ပြောပါတယ်။ ကျနော်က မဖြုတ်ချင်ဘူး။ ဒါနဲ့ ဘယ်သူ့သီချင်းစာသားလဲ မေးတော့ မဒီနဲ့ ဘိုဘိုရဲ့ လွဲနေတဲ့ ဆုံမှတ်များ တဲ့။ အဲ့ဒီ သီချင်းကို နားမထောင်ဖူးတာလဲမဟုတ်. ကျနော်နားထောင်ဖူးပေမဲ့ စာသားကို မသိဘူး။ နာ့နယ်နော်.. အင်္ဂလိပ်သီချင်းမို့ စာသား မသိဘူး ဆို လူကြားလို့ ကောင်းသေးတယ်။ ခုတော့...။ ဘာပဲ ဖြစ်ဖြစ်ပေါ့ဗျာ၊ သီချင်းစာသားလေးကနေ စလိုက်တာ.. ဒီကဗျာလေး ဖြစ်လာတော့ အဲဒီအပိုဒ်ကို မဖြုတ်တော့ပဲ ဒီအတိုင်း တင်လိုက်ပါတယ်။)



မေတ္တာဖြင့်
မိုးကုတ်သား

18 comments:

  1. အကို.. အကို့ ကြိုးစလေးတွေက တစ်စ တစ်စ နဲ့ ထပ်တိုးနေပါရောလား...

    ReplyDelete
  2. တော်တော်တုံးတဲ့မေလေးဘဲ။ကဗျာကို ၈ ခါမြောက်မှ သဘောပေါက်တော့တယ်။
    ကဗျာကောင်းလေးပါ။ ကြယ်မစုံတဲ့ညတွေ ရှိသလို
    ကြယ်စုံတဲ့ညတွေလဲ ရှိပါတယ်အကို။
    ကြယ်ကြွေတွေ ကောက်မနေပါနဲ့တော့။
    အိပ်မက်ကလဲနိုးထလိုက်ပါတော့။

    ReplyDelete
  3. ကုန်ကြမ်းက ဟုတ်နေရောပဲး))

    ReplyDelete
  4. မိုက်တယ်။ နှစ်ယောက်ပေါင်းပြီး သီချင်လေးတွေလည်း စပ်ပါဦး။

    ReplyDelete
  5. ကဗျာရဲ့ အသံအသွားလေးတွေ စာလုံးယူထားပုံလေးတွေ အပြန်အလှန်လေး ကဗျာအပိုဒ်လေးတွေ နှင့် စကားပြောနေသလို...ခံစားရတယ်

    ReplyDelete
  6. အိပ်မက်ကို ချည်တဲ့ ကြိုး ရယ်တဲ့လား

    အလွမ်းတွေ ကို ကဗျာ လုပ်

    စာတွေကို အဖေါ်လုပ်နေဆဲပဲ လား

    မပြောဘဲ ထားတဲ့စကားလို
    အဓိပ္ပာယ်တွေ မှုန်ဝါးဝါးနဲ့ . . .
    မပြတ်သားရဲသူ ကိုယ့်အတွက်
    နေ့တွေလတွေမှာ အလွမ်းတွေနဲ့သာ . . ။

    အဲဒီစာသားလေးတွေ အတွက် ရင်းခဲ့ရက် တဲ့ နှစ်ယောက်ဘ၀ကို............

    တော်ပြီ ဆက်ရေးချင်တော့ဘူး အဟ ခံစားကြည့်လိုက်တာ ဒီလိုလေးလေ........

    ပျော်ရွှင်ပါစေ
    ညီမင်းအိမ်

    ReplyDelete
  7. ပေါင်းစပ်ကဗျာလေး ခံစားသွားတယ်း) စိတ်ကူးလေးတွေကတော့ ကောင်းတယ် အကိုရေ..


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  8. ရန်ကုန်တက္ကသိုလ် စိန်ရတုတုန်းက အမတို့ ကဗျာစာအုပ်တအုပ်ထုတ်ဖူးတယ်.. အိပ်မက်တွေကို ချည်တဲ့ ကြိုး.. တဲ့။ သတိရသွားတယ်..

    ReplyDelete
  9. ကဗျာလေး ကောင်းတယ်

    ကိုကြီးက စပ်တတ်လိုက်တာ


    ညီ့အတိုင်းပဲနော်

    အဟဲ

    တကယ်ကောင်းတာပါ...

    ကဗျာဆို မရေးတတ်ပေမယ့် သူများရေးထားရင် ကြိုက်တယ်


    ချစ်တဲ့
    ညီ

    ReplyDelete
  10. ဆရာမ ဂျူးရဲ့ တိမ်နှင့်ချည်တဲ့ကြိုး ၀တ္ထုကိုတော့ ဖတ်ဖူးတယ်။
    ကဗျာဆိုရင် တစ်ခေါက်နဲ့ ဘယ်တုန်းကမှ မရလို့ နောက်ထပ်ဖတ်ပါရစေအုံး။

    ReplyDelete
  11. ကဗျာလေး လာခံစားသွားတယ်။ စိတ်ကူးလေးတွေနဲ့ စကားလုံးအသုံးအနှုန်းလေးတွေကို တော်တော်သဘောကျသွားတယ်။

    ReplyDelete
  12. ကဗျာကောင်းလေးတပုဒ်ပါ။ သဘောကျတယ်။

    ReplyDelete
  13. ကိုကိုဘို

    ဒီနေ့မှ ကဗျာလာဖတ်ဖြစ်တယ်
    လွမ်းစရာလေးဗျ

    ကြယ်ကြွေကောက်သူ သီချင်းလေးတောင် သတိရသွားတယ်

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  14. ဟေ့ ဟေ့ ဟေ့
    ခိုးတယ်ကွယ်
    အိုင်ဒီယာတွေ
    ကျတော့ ရှေ့နေ ဆီက နေတဆင့် ဆင့်ခေါ်စာပို့ပါမယ်ကွယ်ကွယ်

    ReplyDelete
  15. ဟေ့ ဟေ့ ဟေ့
    ခိုးတယ်ကွယ်
    အိုင်ဒီယာတွေ
    ကျတော့ ရှေ့နေ ဆီက နေတဆင့် ဆင့်ခေါ်စာပို့ပါမယ်ကွယ်ကွယ်

    ReplyDelete
  16. ဟေ့ ဟေ့ ဟေ့
    ခိုးတယ်ကွယ်
    အိုင်ဒီယာတွေ
    ကျတော့ ရှေ့နေ ဆီက နေတဆင့် ဆင့်ခေါ်စာပို့ပါမယ်ကွယ်ကွယ်

    ReplyDelete
  17. ဟေ့ ဟေ့ ဟေ့
    ခိုးတယ်ကွယ်
    အိုင်ဒီယာတွေ
    ကျတော့ ရှေ့နေ ဆီက နေတဆင့် ဆင့်ခေါ်စာပို့ပါမယ်ကွယ်ကွယ်

    ReplyDelete

မိတ်ဆွေတို့ရဲ့ အမြင်လေးတွေကို တန်ဖိုးထားလျှက်