အတွေးလိပ်ပြာ
နေခြည်၊လေပြည်၊ ဆည်းဆာ
အရာရာ လှုပ်ခတ်သွားခဲ့တာ
အဲ့ဒီ ပုဇွန်ဆီရောင် နှုတ်ခမ်းလေးထက်မှာပေါ့။
နေ့ခင်းရယ် နေမင်းရယ်
ညချမ်းနဲ့ ကြယ်လများ
တေးသွားတွေ သံပြိုင်သီခဲ့
မင်းရဲ့ မျက်နက်ဝန်းတွေမှာ ကဗျာတွေဖွဲ့တယ်။
နီးလာလိုက် ဝေးသွားလိုက်
မှောင်မိုက်လိုက် လင်းချင်းလိုက်
ကျည်စယ်လိုက် ချော့မြူလိုက်
အရှိုက်ခက်ပေမဲ့ အငိုလွယ်သူပေါ့
သူခေါင်းမော့ပြုံးဖို့
ငါ့နှလုံးကို သီကုံးပေးခဲ့တယ်။ ။
ပုံလေးကို ဒီက ယူထားပါတယ်။ Picture Credit to
မေတ္တာဖြင့်
မိုးကုတ်သား
မိုးကုတ်သား
မီးလျှံမြေခွေးနဲ့ ကော့မန့်လာပေးပါတယ်
ReplyDeleteနုဖတ်အုအက်နေပါတယ်ခင်ဗျာ။ လီလီပန်းကလေးလန်းပါစေ
အစ်ကိုရေ ဖတ်ပြီးတော့ ဆည်းဆာချိန်အောက်က ပုဇွန်ဆီရောင် နှုတ်ခမ်းလေးတစ်စုံကို လွမ်းမိသွားပြီ တကယ်။
ReplyDeleteအရှိုက်ခက်ပေမဲ့ အငိုလွယ်သူပေါ့
ReplyDeleteသူခေါင်းမော့ပြုံးဖို့
ငါ့နှလုံးကို သီကုံးပေးခဲ့တယ်။ ။
ကဗျာလေး ကောင်းတယ် အစ်ကိုရေ... လီလီပန်းလေးက လှသလို (မြင်ဖူးတယ်နော် :) ) ကဗျာလေးလည်း လှတယ်။
ဖွဲ့ထားတာလေးက တကယ်ကိုနူးညံ့တယ် ဆည်းဆာချိန်ဆိုတာက တကယ်ကို ကဗျာဆန်ပြီး မြင်သမျှလှတဲ့ အချိန်
ReplyDeleteသူပြုံးရွှင်ပျော်မြူးဖို့ သီကုံးပေးလိုက်တဲ့ နှလုံးသားတစ်စုံ .....
ReplyDeleteအငိုလွယ်ပေမယ့် အရှိုက်ခက်သူ ...
အတွေးကောင်း၊ အရေးကောင်း ခံစားသီဖွဲ့မှု အားကောင်း .....
.................
...........
.......
....
နေဒေးသစ်။
ကဗျာလေး လာရောက်ခံစားသွားပါတယ်။ တကယ်ကို နူးညံ့တဲ့ အတွေးများကိုတွေ့လိုက်ရတယ်။
ReplyDeleteသေချာပါတယ်... သူပြုံးနေမှာပါ..
ReplyDeleteသူပြုံးနေပါတယ်
ချစ်ခင်စွာဖြင့်
ညီ
ဖိုးစိန်
ကဗျာလေးက တကယ်ကို လှတယ်။
ReplyDeleteဘယ်က လီလီပန်းလဲ၊ မသိပါလား၊
ReplyDeleteအကို မိုးကုတ်သားရေ
ReplyDeleteညီမလေးလီလီ တွေ့ရင် သိပ်ပျော်ရှာမှာဘဲ
ကံကောင်းပါစေရှင်
မေလေး
This comment has been removed by the author.
ReplyDeleteကိုရွာသားတို့ ကိုမိုးကုတ်တို့လို လူကြီးတွေ နုရွနေတာလေးတွေ ခံစားနေတော့ ကျွန်တော်ဖို့တောင် ကျန်ပါဦးတော့မလား။
ReplyDeleteရွာစား.. လှိုက်2လှဲ2 ဆုတောင်းပေးတဲ့ အတွက် ချစ်ညီကို ကျေးဇူး သိပ်တင်။
ReplyDeleteညီလေးကြယ်၊ ညီမလေး မယ်ကိုးနဲ့ မခ၊ညိလေးနေဒေး.... အကို့ ပြန်လာ ဆွဲချပေးကြအုံး။
ညီမလေး လပြည့်ရိပ်ရေ လူကိုတွေ့မှ ရုပ်ကြမ်းကြီးနဲ့မှ မလိုက်လို့ ပြောနေမှာ မြင်သေးတယ်။
ချစ်ဆုံး ညီဖိုးစိန်... ထာဝရ ပြုံးပျော်နိုင်ပါစေဗျာ။
ဆရာမ အပြုံးပန်းရေ ကဗျာလှလှလေးက ပန်းလှလှလေး တစ်ပွင့်ဗျ။
ညီမ မေလေးရေ.. အစစအရာရာအတွက် ကျေးဇူးပါ။ ညီလေး ဖန်သကြိုး...အကိုက ညီ့လောက် အတွေးပအား မကောင်းပါဘူးဗျ။ စိတ်မအား လူမအားတဲ့ ကြားက လာလည်ပေးကြတာ.. အားလုံးကို ကျေးဇူးကမ္ဘာ
ပုလဲကုံးတစ်ကုံးလို
ReplyDeleteစီစီညီညီနဲ့ ချစ်စဖွယ်ပါလား.....
ခံစားချက်ကလေးကို ဖြူဖြူစင်စင် ရိုးရိုးရှင်းရှင်း..လှ ပြ တယ်..။
အိန္ဒြာ